“ရီးရဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် ထပ်မံအနိုင်ရရှိ”
08 Jun
ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့ရာမှာ ဖလော်ရင်တီနိုပီရက်ဇ် က အန်းနရစ်ရီကွယ်လ်မီးကို အနိုင်ရရှိခဲ့တာကြောင့် ဥက္ကဋ္ဌအဖြစ် ၂၀၃၀ အထိ ဆက်လက်တာဝန်ယူခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ ဖလော်ရင်တီနိုပီရက်ဇ် က ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တောက်လျှောက် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုနှစ်မတိုင်ခင်မှာ ၎င်းကိုယှဉ်ပြိုင်ရွေးချယ်ခံမယ့်သူ မရှိခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်မှ ပြုလုပ်ရမှာဖြစ်ပေမယ့် ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းတွင်း စိတ်ပျက်စရာ အခြေအနေတချို့ရှိခဲ့တာကြောင့် ဒီနှစ်မှာရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
08 Jun