“နေမာ ရဲ့ဒဏ်ရာကို မေလ ၈ ရက်မှာ ထပ်မံစစ်ဆေးမည်”
08 Jun
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက နေမာရဲ့ဒဏ်ရာကို တနင်္လာနေ့တွင် ထပ်မံစစ်ဆေးမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် နေမာ ဟာ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် အပြီးသတ် လူစာရင်းမှာ ပါဝင်လာပေမယ့် ခြေသလုံးဒဏ်ရာရရှိထားလို့ အနားယူနေရတာ ဖြစ်ပါတယ်။ နေမာ ရဲ့ဒဏ်ရာကို အဆင့် ၂ သတ်မှတ်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့ အီဂျစ်အသင်းနှင့်ပွဲမှာ မကစားနိုင်ဘဲ လွဲချော်ခဲ့ရပါတယ်။ ပထမအကြိမ် စစ်ဆေးပြီးနောက် အနည်းဆုံး နှစ်ပတ်အနားယူရမှာဖြစ်တယ်လို့ ဘရာဇီးအသင်း ဆေးအဖွဲ့က မေလ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နေမာ အနေနဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဘရာဇီးအသင်းဟာ ဇွန်လ ၁၃ ရက်မှာ မော်ရိုကိုအသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)
08 Jun