“လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှာဖြစ်လို့ သတ်မှတ်ဧရိယာအတွင်း ဝင်ရောက်ခြင်းမပြုရန် အသိပေး”

08 Jun

‎ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်ကြောင်းအတွင်း ကော့လိုက်ကျွန်းအနီး၌ စစ်ဆင်ရေး၊ လုံခြုံရေး နှင့် မြစ်ကြောင်းပိတ်ဆို့ရေးတာဝန်များထမ်းဆောင်လျက်ရှိသော မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) က ယခုဇွန်လ ၁၀ ရက်မှာ လက်နက်ကြီးများလေ့ကျင့်ပစ်ခတ်ရန် စီစဉ်ထားရှိမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အကြောင်းကြားစာများပေးပို့ထားကြောင်း သိရပါတယ်။ ‎ အဆိုပါ လက်နက်ကြီးများလေ့ကျင့်ပစ်ခတ်မှုကို ‎သံလွင်မြစ်ကြောင်းအတွင်း၊ မြောက်လက်တီတွဒ် ၁၆ ဒီဂရီ ၄၇ ဒသမ ၉ မိနစ် (မြောက်)၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅ ဒသမ ၉ မိနစ်မှာ ရေပြင်ပစ်မှတ်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ ‎ ‎လက်နက်ကြီးများလေ့ကျင့်ပစ်ခတ်နေစဉ် ဧရိယာနှင့်သုံးမိုင်ပတ်လည်အတွင်း လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊ သဗ္ဗာန်များဝင်ရောက်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မလိုလားအပ်တဲ့ဖြစ်စဉ်များ မဖြစ်ပေါ် စေရေးတို့အတွက် လိုအပ်သည်များကြိုတင်စီစဉ်ထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများသို့ အကြောင်းကြားစာများပေးပို့ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

08 Jun

ADVERTISE HERE .