“ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေး ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ ဆောင်ရွက်ရမည်”
08 Jun
တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း မြှင့်တင်နိုင်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က ထားဝယ်ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားတဲ့ ရှေးဟောင်းပစ္စည်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ၊ သမိုင်းဝင်အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများနှင့် လက်မှု အနုပညာများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြတိုက်အတွင်း ပြသထားတဲ့ပစ္စည်းများကို ပြတိုက်လုပ်ထုံးလုပ်နည်းများနှင့်အညီ အချက်အလက် ဖော်ပြထားတဲ့ ကြေးပြားများနဲ့ စနစ်တကျပြန်လည်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က သမိုင်းဝင်အမွေအနှစ်ပစ္စည်းများက နောင်လာနောက်သားမျိုးဆက်သစ်များအတွက် အဖိုးတန် အမွေအနှစ် များဖြစ်သဖြင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 004)