“ဂျပန်ဘာသာအရည်အချင်းစစ် TOP J စာမေးပွဲအတွက် ဇွန်လ ၁၆ ရက် နောက်ဆုံးထား လျှောက်ထားရမည်”

08 Jun

လာမည့် ဇူလိုင်လ ၁၂ ရက်(တနင်္ဂနွေနေ့)တွင် ရန်ကုန်နှင့်မန္တလေးမြို့များမှာ ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ် TOP J (TOP Japanese) စာမေးပွဲဖြေဆိုလိုသူများအနေနဲ့ ယခုဇွန်လ ၁၆ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ကြောင်း MAJA Education Centre မှ သိရပါတယ်။ TOP J ဆိုသည်မှာ ဂျပန်နိုင်ငံမှာကျောင်းတက်လို့သူများ၊ scholarship လျှောက်လို့သူများ၊ ဂျပန်နိုင်ငံတွင် အလုပ်လုပ်လိုသူများအတွက် များစွာအသုံးဝင်တဲ့ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲတစ်မျိုးဖြစ်ပြီး ဇန်နဝါရီ၊ မတ်၊ မေ၊ ဇူလိုင်၊ စက်တင်ဘာနှင့် နိုဝင်ဘာလများတွင် တစ်နှစ်လျှင် ၆ ကြိမ် MAJA Education Centre က တာဝန်ယူ ကျင်းပပေးလျက်ရှိနေတာဖြစ်ပါတယ်။ စာမေးပွဲရလဒ်များကို စာမေးပွဲဖြေပြီးနှစ်ပတ်အကြာမှာ Online Result အဖြစ် ထုတ်ပြန်ပေးနေပြီး တစ်လအကြာတွင် Certificate များထုတ်ယူနိုင်ကြောင်း သိရပါတယ်။ နယ်ဝေးမှ ဖြေဆိုလို သူများ အလွယ်တကူလျှောက်ထားနိုင်ရန် Google Form နဲ့ TOP J စာမေးပွဲ လျှောက်လွှာများကို လက်ခံပေးနေပြီး ဇွန်လ ၁၆ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ကာ ဖြေဆိုရမည့်အချိန်၊ နေရာနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) တို့ကို Email မှတစ်ဆင့် ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း MAJA Education Centre မှ သိရပါတယ်။ (NVS 004)

08 Jun

ADVERTISE HERE .