“MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း”
08 Jun
ဒေသဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့ ညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲနှင့် ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ပျော်ဘွယ်အထည်စက်ရုံမှ ထုတ်လုပ်တဲ့ ချည်မျှင်များဟာ ဈေးကွက်ဝင် ထုတ်ကုန် များဖြစ်လို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ထုတ်ကုန် များ၏ အရည်အသွေးကောင်းမွန်ရေးကို အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)