“ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားတည်ဆောက်နေ”
08 Jun
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမယ့် ဆိပ်ကြီး ခနောင်တို(တွံတေးတူးမြောင်း)တံတားကို လမ်းဦးစီးဌာနနှင့်တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ ၄ တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က ဇွန်လ ၆ ရက်မှာ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း) တံတားတည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေနဲ့ ရန်ကုန်မြို့တွင်းသို့ ၁၅ မိနစ်ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တံတားက ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများ၏ သွားလာရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)