“လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆိုဘော့ဆလိုင်း ရရှိ”

07 Jun

ပြီးခဲ့သည့်ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ကွင်း လယ်ကစားသမား ဆိုဘော့ဆလိုင်း က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြဟောင်း အာနီဆလော့ လက်အောက်၌ ရလဒ်များ ဆိုးရွားခဲ့ပြီး ချန်ပီယံဆုဖလား လက်လွှတ်ရသော်လည်း ဆိုဘော့ဆလိုင်း အနေဖြင့် အသင်းနှင့်အတူ ခြေစွမ်းပြနိုင် ခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုဘော့ဆဆိုင်း ဟာ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သော်လည်း အသင်းတိုက်စစ်ပိုင်းအထိ လိုက်ပါပြီး အကောင်းဆုံးကစားနိုင်ကာ အလွတ်တည်ကန်ဘောမှတစ်ဆင့် လီဗာပူးအသင်းအတွက် အရေးပါသည့်သွင်းဂိုးများကို သွင်းယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲပါဝင်ကစားပြီး ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။(NVS 008)

07 Jun

ADVERTISE HERE .