“PFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်”

07 Jun

ပရော်ဖက်ရှင်နယ်ဘောလုံးအဖွဲ့ချုပ်(PFA)က ပြီးခဲ့တဲ့ဘောလုံးရာသီ PFA တစ်နှစ်တာအကောင်းဆုံးဆု အတွက် နောက်ဆုံးဆန်ခါတင် ကစားသမားစာရင်းများစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါစာရင်းတွင် ကလပ်အသင်းသုံးသင်းမှ ကစားသမားများသာပါဝင်ပြီး ချန်ပီယံဆုဖလားဆွတ်ခူးနိုင်သည့် အာဆင်နယ်အသင်းမှ ဂိုးသမား ရာယာ၊ ခံစစ်ကစားသမား ဂါဘရီရယ်နှင့် ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ်၊ မန်ယူ အသင်းမှ ကွင်းလယ်ကစားသမား ဖာနန်ဒက်၊ မန်စီးတီးအသင်းမှ တိုက်စစ်ကစားသမားများဖြစ်သည့် ချက်ကီ နှင့် ဟာလန်း တို့ပါဝင်လာခဲ့ပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုရရှိရန် ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည့် ကစားသမားများအနက် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး FWA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိထားတဲ့ ဖာနန်ဒက် က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံး လူငယ်အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း တွင် မန်စီးတီးအသင်းမှ နီကိုရိုင်အိုလီ၊ ဘုန်းမောက်အသင်းမှ ကာရိုပီ၊ အာဆင်နယ်အသင်းမှ မက်ဒေါ်မန်း၊ မန်ယူအသင်းမှ ကိုဘီမိုင်နူး နှင့် လီဗာပူးအသင်းမှ အန်ငူ မိုဟာ တို့ပါဝင်လာခဲ့ပါတယ်။(NVS 008)

07 Jun

ADVERTISE HERE .