“ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များ၌ ပုံစံသစ်အဖြစ် နိုင်ငံတော်သီချင်းသီဆိုချိန်တွင် ကစားသမားအားလုံး ကွင်းအတွင်းဝင်ခွင့်ပြုမည်”

07 Jun

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များတွင် ပုံစံသစ်အဖြစ် သက်ဆိုင်ရာ အသင်းများ နိုင်ငံတော်သီချင်းသီဆိုချိန်၌ ကစားသမားများအားလုံးကို ကွင်းအတွင်းဝင်ရောက်စေပြီး နိုင်ငံတော် သီချင်း သီဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဖီဖာက အစောပိုင်းနှစ် ပြိုင်ပွဲများတွင် ပွဲမကစားမီ သက်ဆိုင်ရာအသင်းများ နိုင်ငံတော်သီချင်းသီဆိုချိန် ပွဲထွက်ကစားသမား ၁၁ ဦးကိုသာ ကွင်းအတွင်း ဝင်ခွင့်ပြုခဲ့သော်လည်း ယခုအခါပွဲထွက်ကစားသမား ၁၁ ဦးအပြင် အသင်းမှ ကစားသမားများအားလုံးကို ကွင်းအတွင်း ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကြေညာခဲ့သည့် ပုံစံသစ်အရ ပွဲမကစားမီ နှစ်ဖက်အသင်းမှ ကစားသမားများအားလုံးအနေဖြင့် နိုင်ငံတော်သီချင်းသီဆိုချိန်တွင် ကွင်းအတွင်းဝင်ရောက်ရမည်ဖြစ်ပြီး နှစ်ဖက်အသင်း နိုင်ငံတော်အလံများကိုလည်း ကြီးကြီးမားမားပြုလုပ်ပေးကာ ကစားသမားများအားလုံး သက်ဆိုင်ရာနိုင်ငံအလံဘက်သို့ မျက်နှာမူပြီး နိုင်ငံတော်သီချင်းသီဆိုစေမှာဖြစ်ပါတယ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စည်းမျဉ်းသစ်အများအပြား အသုံးပြုမည်ဖြစ်ပြီး ယခုအခါတွင်လည်း နိုင်ငံတော်သီချင်း သီဆိုသည့်စည်းမျဉ်းကိုလည်း အသစ်ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

07 Jun

ADVERTISE HERE .