“ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့လို့ ဘရာဇီးအသင်းနှင့်ပူးပေါင်းပြီး လေ့ကျင့်မှုများလုပ်ဆောင်မည့် နေမာ”
07 Jun
ဘရာဇီးအသင်း တိုက်စစ်ကစားသမား နေမာ အနေနဲ့ ခြေထောက်ဒဏ်ရာ ပြန်လည်သက်သာလာခဲ့ တာကြောင့် လာမည့် ရက်သတ္တပတ်အတွင်း အသင်းနှင့်ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ နေမာ ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းကစားသမားစာရင်း၌ နည်းပြ အန်ဆယ်လော့တီ ရဲ့ ယုံကြည်မှုနှင့်အတူ ပြန်လည်ရွေးချယ်ခံခဲ့ရသော်လည်း ကစားသမားစာရင်းထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းမှာပင် ခြေထောက်ဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့ရခြင်း ဖြစ်ပါတယ်။ နေမာ အနေနဲ့ ခြေထောက်ဒဏ်ရာရရှိခဲ့သော်လည်း နည်းပြ အန်ဆယ်လော့တီ က အသင်းကစားသမား စာရင်းမှ ထုတ်ပယ်ခဲ့ခြင်းမရှိဘဲ ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ ခြေထောက်ဒဏ်ရာမှာ ပြန်လည် သက်သာလာခဲ့တဲ့အတွက် တစ်ဦးချင်း အပေါ့စားလေ့ကျင့်မှုများကို စတင်လုပ်ဆောင်နေပြီး လာမည့်ရက်သတ္တပတ် တွင် အသင်းနှင့် ပြန်လည်ပူးပေါင်းကာ အသင်းလိုက်လေ့ကျင့်ခန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)