“ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက နည်းပြအဖြစ် ကလော့ပ် ကိုခန့်အပ်မည်ဟု ရီကွယ်မီး အတည်ပြု”

07 Jun

ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုလုပ်ဆောင်နေသည့် ယှဉ်ပြိုင်သူ ရီကွယ်မီး က ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက အသင်းနည်းပြသစ်အဖြစ် ကလော့ပ် ကိုခန့်အပ်မည်ဖြစ်ကြောင်း ပြော ကြားခဲ့တယ်လို့ The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဆုဖလားလက်မဲ့ရာသီ နှစ်ရာသီဆက်ကြုံတွေ့ခဲ့ရပြီးနောက် အသင်းဥက္ကဋ္ဌသစ် ရွေးကောက်ပွဲ ကျင်းပရန်အတွက် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌသစ် ရွေးကောက်ပွဲအတွက် လက်ရှိအသင်းဥက္ကဋ္ဌ ပီရက်ဇ် နှင့်အပြိုင် စပိန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရီကွယ်မီး ကလည်း ဝင်ရောက်ယှဉ်ပြိုင်ကာ မဲဆွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ ရီကွယ်မီး က ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဲဆွယ်မှုပြုလုပ်စဉ် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်ခံခဲ့ရပါက မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဟာလန်းကို အသင်းထံခေါ်ယူမည်ဟု မဲဆွဲခဲ့ပြီးနောက် ယခုအခါတွင်လည်း လစ်လပ်နေသည့် အသင်းနည်းပြအဖြစ် လီဗာပူးအသင်းနည်းပြဟောင်း ကလော့ပ် ကိုခန့်အပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

07 Jun

ADVERTISE HERE .