“ကချင်ပြည်နယ် ရွှေကူမြို့သို့ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ”

07 Jun

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ပညာရေးကဏ္ဍမြှင့်တင်ရန် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်များအတွက် ဆေးနှင့်ဆေးပစ္စည်းများပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို ကချင်ပြည်နယ် ရွှေကူမြို့သို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များသည် ဇွန်လ ၄ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာခဲ့ရာ မတ္တရာ-သပိတ်ကျင်း-တကောင်း-ကတ္တူ-ငါးအိုး မှတစ်ဆင့် ရွှေကူမြို့သို့ ဇွန်လ ၆ ရက်တွင် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ထောက်ပံ့ရေးပစ္စည်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသို့ တာဝန်ရှိသူ များမှတစ်ဆင့် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

07 Jun

ADVERTISE HERE .