“ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့်ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ အမှန်တကယ်ရှိခဲ့သည့် သမို်ငးကြောင်း ကြီးမားသည့် ရှေးဟောင်းအမွေအနှစ်ဖြစ်၍ စနစ်တကျဖော်ထုတ်ထိန်းသိမ်းရန်လို”

07 Jun

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ အမှန်တကယ်ရှိခဲ့သည့် သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့သည့် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်သည့်အတွက် စနစ်တကျ သုတေသနပြုလုပ်၍ ဖော်ထုတ်ထိန်းသိမ်းသွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက ဇွန်လ ၆ ရက်တွင် ကေတုမတီမြို့ဟောင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအရ အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုး များနှင့် ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့်အတွက် တတ်စွမ်းသမျှ ဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံ၏တန်ဖိုးပင်ဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ်များကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

07 Jun

ADVERTISE HERE .