“စပိန်လာလီဂါပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်”

06 Jun

ယခုဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ် က ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၆၁ နှစ်အရွယ် နည်းပြ ဟန်ဆီဖလစ် ဟာ ဘာစီလိုနာအသင်းကို ၂၀၂၄ ခုနှစ်က စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းအတွက် စပိန်လာလီဂါပြိုင်ပွဲ၌ ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင် ခဲ့ပါတယ်။ ယခုဘောလုံးရာသီတွင်လည်း စပိန်လာလီဂါပြိုင်ပွဲ ၃၈ ပွဲ တာဝန်ယူကိုင်တွယ်ရာတွင် ၃၁ ပွဲအနိုင်ရရှိကာ တစ်ပွဲသရေရလဒ်နှင့် ခြောက်ပွဲရှုံးနိမ့်ပြီး ရမှတ် ၉၄ မှတ်ဖြင့် အဆင့်(၂)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းကို ရှစ်မှတ်ဖြတ်ကာ နှစ်ရာသီဆက် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နည်းပြ ဟန်ဆီဖလစ် အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးပေးနိုင်ပြီးနောက် ပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့အပြင် ယခုဘောလုံးရာသီတွင်လည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နှစ်ရာသီဆက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဟန်ဆီဖလစ် က ဘာစီလိုနာအသင်းအတွက် ဘောလုံးရာသီ နှစ်ရာသီအတွင်း စပိန်လာလီဂါဖလား နှစ်ကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား တစ်ကြိမ်နှင့် စပိန်စူပါဖလား နှစ်ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ (NVS 008)

06 Jun

ADVERTISE HERE .