“ဖူလ်ဟမ်အသင်းမှ နည်းပြ မာကိုဆေးလ်ဗား ထွက်ခွာ”

06 Jun

နည်းပြ မာကိုဆေးလ်ဗား က ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ နည်းပြ မာကိုဆေးလ်ဗား ဟာ ဖူလ်ဟမ်အသင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၂၂၉ ပွဲတွင် ပွဲ ၁ဝဝ နိုင်၊ ၄၈ ပွဲသရေ၊ ၈၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီတွင် အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၁၁)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြ မာကိုဆေးလ်ဗား အနေနဲ့ ဖူလ်ဟမ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဘင်ဖီကာအသင်းအား ပြောင်းလဲတာဝန်ယူဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။(NVS 008)

06 Jun

ADVERTISE HERE .