“ဒိန်းမတ်အသင်းကစားသမားဘဝ ပွဲပေါင်း ၁၅ဝ ပြည့်မြောက်ခဲ့တဲ့ အဲရစ်ဆင်”
06 Jun
ဝါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင် က ဒိန်းမတ်လက်ရွေးစင်အသင်း ကစားသမားဘဝ နိုင်ငံတကာ ပွဲပေါင်း ၁၅ဝ ပြည့်မြောက်သည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ အဲရစ်ဆင် ဟာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းက ဒီအာကွန်ဂိုအသင်းနှင့် ဂိုးမရှိသရေ ကျခဲ့သည့် ပွဲစဉ်တွင် ပါဝင်ကစားပြီးနောက် လက်ရွေးစင်ပွဲပေါင်း ၁၅ဝ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား အဲရစ်ဆင် ဟာ ဒိန်းမတ်အသင်းနှင့်အတူ ၂၀၁၀ မှ ၂၀၂၆ ခုနှစ်အထိ ပွဲပေါင်း ၁၅ဝ ကစားကာ ၄၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲရစ်ဆင် က အခုလို မှတ်တမ်းတစ်ရပ်ပိုင်ဆိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း မှတ်တမ်းကောင်းတွေအပြင် ဒိန်းမတ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
06 Jun