“မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ အခြေခံဓာတ်ပုံသင်တန်း ဖွင့်လှစ်မည်”
05 Junထူးချွန်ဓာတ်ပုံပညာရှင်များ ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံဓာတ်ပုံအသင်းက မြန်မာနိုင်ငံဓာတ်ပုံအသင်း အမှတ်စဉ်(၅၁) အခြေခံဓာတ်ပုံသင်တန်းကို ဇူလိုင်လ ၁ ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဓာတ်ပုံပညာ၊ အသိပညာပြန့်ပွားရေးအတွက် တစ်နှစ်တစ်ကြိမ်ဖွင့်လှစ်လျက်ရှိတဲ့ အခြေခံဓာတ်ပုံသင်တန်းကို နိုင်ငံကျော်ဓာတ်ပုံပညာရှင်ကြီးများက စာတွေ့လက်တွေ့ သင်တန်းပို့ချပေးမှာဖြစ်ပြီး ထိပ်တန်းဓာတ်ပုံပညာရှင်ကြီး များကလည်း ဟောပြောပို့ချပေးသွားမှာဖြစ်ပါတယ်။ သင်တန်းအား ဇူလိုင်လ ၁ ရက်မှ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ဇွန်လ ၁ ရက်မှစ၍ ဝင်ခွင့်စာရင်းပေးသွင်းနိုင်ကာ သင်တန်းသားလူဦးရေ ကန့်သတ်ထားကြောင်း သိရပါတယ်။ သင်တန်းတက်ရောက် သင်ကြားလိုသူများအနေနဲ့ မြန်မာနိုင်ငံဓာတ်ပုံအသင်းအမှတ် (၂၇/၂၉ ပထမထပ်) ၃၅ လမ်း(အောက်ဘလောက်) ဘဏ်လမ်းနှင့် ကုန်သည်လမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၉-၄၂၀၃၅၅၅၇ဝ အသင်းရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)