ကုန်ဈေးနှုန်းသတင်း ၄.၆.၂၀၂၆
04 Jun
ဇွန်လ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်နီနဲ့ ထန်းလျက်ဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ကြက်သွန်ဖြူ၊ မန်ကျည်းသီး၊ အာလူးနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/ RC) တစ်တင်းကို ၉၄,၇၆၄ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၄,၀၆၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၄၀ ကျပ်ကနေ ၄,၉၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၁၆ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၅၂၀ ကျပ်ကနေ ၆,၆၈၅ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၉,၁၃၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၂၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၈၈၀ ကျပ်ကနေ ၁,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၁,၉၅၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၉,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး(အောင်ပန်း)တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၅,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၅,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၉၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၅၀ ကျပ်၊ မန္တလေးမှာ ၄,၇၂၀ ကျပ်၊ နေပြည်တော်မှာ ၄,၆၆၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၆၂၀ ကျပ်၊ မန္တလေး မှာ ၄,၇၉၅ ကျပ်၊ နေပြည်တော်မှာ ၄,၇၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၅၉၅ ကျပ်၊ မန္တလေးမှာ ၄,၇၅၅ ကျပ်၊ နေပြည်တော်မှာ ၄,၇၀၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၅၅၀ ကျပ်၊ မန္တလေးမှာ ၅,၇၂၀ ကျပ်၊ နေပြည်တော်မှာ ၅,၆၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၁၄၀,၀၀၀ိ/-) တစ်ရာ တစ်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။