“အီရာအိုလာကို လီဗာပူးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိ”
04 Jun
လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ နည်းပြဟောင်း အီရာအိုလာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ၂၀၂၅-၂၆ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာသာ ရရှိခဲ့တာကြောင့် အာနယ်ဆလော့ ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အီရာအိုလာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခဲ့ပါတယ်။ စပိန်နည်းပြ အီရာအိုလာ က ဘုန်းမောက်အသင်းကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ် ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လမ်းခွဲခဲ့ပါတယ်။ အီရာအိုလာ က အသင်းငယ်လေးတွေကိုသာ ကိုင်တွယ်ခဲ့ဖူးတာကြောင့် လီဗာပူးလ်အသင်းနဲ့မှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပါဝင်ဆင်နွှဲရမှာဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက အီရာအိုလာ ကို ၂ နှစ်စာချုပ်နဲ့ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုရက်သတ္တပတ်အကုန်မှာ တရားဝင်ကြေညာဖွယ်ရှိကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျရတ် က အီရာအိုလာ ဟာ လီဗာပူးလ်အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် နည်းပြဖြစ်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။ (NVS 008)