“ဘင်ဖီကာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မာကိုဆေးလ်ဗား”
04 Jun
ဖူလ်ဟမ်အသင်းနဲ့ လမ်းခွဲမည်ဟု အတည်ပြုကြေညာခဲ့တဲ့ ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗား က ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မာကိုဆေးလ်ဗား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်္ဂလန်ဘောလုံးလောကမှာ ကျင်လည်နေခဲ့သူဖြစ်ပြီး ဖူလ်ဟမ်အသင်းကိုတော့ လိဂ်ချန်ပီယံရှစ်မှာ ရှိနေစဉ် ၂၀၂၁ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့ပါတယ်။ မာကိုဆေးလ်ဗားက ဖူလ်ဟမ်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ရောက်ရှိလာချိန်မှာလည်း အလယ်အလတ်မှာ ရပ်တည်နိုင်တဲ့ အသင်းဖြစ်အောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ မာကိုဆေးလ်ဗား က မော်ရင်ဟိုနဲ့ လမ်းခွဲလိုက်တဲ့ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတဲ့ သဘောတူညီချက်ပါဝင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)