“ ၃ နိုင်ငံဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားလူစာရင်းကို ထုတ်ပြန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်း”
04 Jun
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်း က ၂၀၂၆ ဖိလစ်ပိုင်မှာ ကျင်းပမယ့် ၃ နိုင်ငံဖိတ်ခေါ် ဖလားပြိုင်ပွဲ အတွက် အပြီးသတ်ကစားသမား ၂၅ ဦးစာရင်းကို ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။ အပြီးသတ်ကစားသမား ၂၅ ဦးစာရင်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ မောင်မောင်လွင်အပါအဝင် နန္ဒကျော်၊ လွင်မိုးအောင်၊ စိုးမိုးကျော်၊ သီဟထက်အောင်၊ ဟိန်းထက်အောင်၊ သန်းပိုင် အစရှိတဲ့ ဝါရင့်ကစားသမားများအားလုံး ပြန်လည်ပါဝင်လာတာကို တွေ့ရပါတယ်။ ဂိုးသမားနေရာမှာတော့ ဆန်းဆက်နိုင် ပြန်လည်ပါဝင်လာပေမယ့် ပထမဦးစားပေးဂိုးသမား ဇင်ညီညီအောင် ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။ ၂၀၂၆ ဖိလစ်ပိုင် ၃ နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် ဇွန်လ ၆ ရက်မှာ ဂူအမ်အသင်း၊ ဇွန်လ ၉ ရက်မှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)