“ဒမ်ဖရိုင်းစ်နဲ့ ကိုနာတေးတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ ရီးရဲလ်အသင်း”

04 Jun

ရီးရဲလ်အသင်းဟာ အင်တာမီလန်အသင်းမှ နောက်ခံလူ ဒမ်ဖရိုင်းစ် နှင့် လီဗာပူးလ်အသင်းနဲ့ လမ်းခွဲတော့မယ့် ပြင်သစ်နောက်ခံလူ ကိုနာတေး တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းက ကစားသမားနှစ်ဦးစလုံးနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေပြီး အသေးစိတ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့သာလိုတော့ကြောင်း သိရပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဒမ်ဖရိုင်းစ် က အင်တာမီလန်အသင်းနှင့် ယူရိုသန်း ၂၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတာကြောင့် ရီးရဲလ်အသင်းက လျော်ကြေးပေးခေါ်ယူရမှာဖြစ်ပြီး ဇွန်လကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မယ့် ကိုနာတေး ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ကစားသမားနှစ်ဦးစလုံးကို ၂၀၃၀ ခုနှစ်အထိ ၄ နှစ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။ ရီးရဲလ်အသင်းက ဇွန်လ ၇ ရက်မှာ ဥက္ကဋ္ဌရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်ပြီး ပီရက်ဇ် က ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမှ အခုအပြောင်းအရွှေ့တွေ အတည်ဖြစ်မယ်လို့လည်း သိရပါတယ်။ (NVS 008)

04 Jun

ADVERTISE HERE .