“ဘာစီလိုနာအသင်းက ခွန်ဒီ အားရောင်းချပြီး ကူကူရယ်လာ နှင့် အစားထိုးရန်ကြိုးပမ်း”

03 Jun

ဘာစီလိုနာအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းခံစစ်ပိုင်းမှ ခွန်ဒီ အားရောင်းချပြီး ချယ်လ်ဆီးအသင်းမှ ကူကူရယ်လာ နှင့်အစားထိုးရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ခွန်ဒီ အနေနဲ့ အစောပိုင်းနှစ်များက ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းဘောလုံးရာသီများတွင် ဒဏ်ရာ ပြဿနာများနှင့်သာ ရင်ဆိုင်နေရတဲ့အတွက် ဘာစီလိုနာအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် ခွန်ဒီ အားရောင်းချပြီး ကူကူရယ်လာ နှင့်အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ကူကူရယ်လာ ကလည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန်ပြင်ဆင်နေပြီး အစောပိုင်းကတည်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် သတင်းများထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ကူကူရယ်လာ အား ရောင်းချရမည်ဆိုပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့အတွက် ဘာစီလိုနာအသင်းက ခွန်ဒီ အားရောင်းချပြီးမှသာ ကူကူရယ်လာ ကို ခေါ်ယူဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

03 Jun

ADVERTISE HERE .