“PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုရရှိရန် ဖာနန်ဒက်နှင့် ဒီကလန်ရိုဒ် တို့ရေပန်းစား”
03 Jun
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်မည့် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုဖြစ်သည့် PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လာမည့် ဩဂုတ်လ ၁၂ ရက်တွင် ကြေညာမည်ဖြစ်ပြီး အဆိုပါဆုကိုရရှိရန် ဖာနန်ဒက်နှင့် ဒီကလန်ရိုဒ် တို့က ရေပန်းစားလျက်ရှိကြောင်း သိရပါတယ်။ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို အများအားဖြင့် တိုက်စစ်ကစားသမားများကသာ ဆွတ်ခူး နိုင်ကြသော်လည်း လာမည့် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား မန်ယူအသင်း ကွင်းလယ်ကစား သမား ဖာနန်ဒက်နှင့် အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ် တို့ကရရှိရန် ရေပန်းစားနေပါတယ်။ ဖာနန်ဒက် က ယခုဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရာတွင် အဓိက ကစားသမားအဖြစ်ပါဝင်ကာ အသင်းနှင့်အတူ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်နိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသလို PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိရန် ရေပန်းစားနေခြင်းဖြစ်ပါတယ်။ ဒီကလန်လန်ရိုဒ် ကလည်း အာဆင်နယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်း နှစ်ပေါင်း ၂၂ နှစ်အကြာတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်လာ ပြီးနောက် PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိရန် ဖာနန်ဒက် နှင့်အတူ ရေပန်းစားလျက်ရှိနေပါတယ်။(NVS 008)