“ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ အကောင်းဆုံးကစားသမားခေါ်ယူမှုဆုကို မန်ယူ အသင်းမှ လန်မန်း ဆွတ်ခူး”
03 Jun
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အကောင်းဆုံးကစား သမား ခေါ်ယူမှုဆုဖြစ်သည့် Signing of the Season Award ကို မန်ယူအသင်းမှ ဂိုးသမား လန်မန်း က ဆွတ်ခူးခဲ့ ကြောင်း Premier League. com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂိုးသမား လန်မန်း ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ရွိုင်ရယ်အက်ဝပ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ရာသီအစသုံးပွဲသာ ပါဝင်ကစားခွင့် မရရှိခဲ့သော်လည်း နောက်ပိုင်း ပွဲစဉ်များတွင် ပွဲစဉ်အားလုံး ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ထို့နောက် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းပြသပြီး ဂိုးမပေးရသည့်ပွဲ(Clean Sheets) ရှစ်ပွဲထိ ရှိခဲ့ကာ မန်ယူအသင်းအဆင့်(၃)နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရာတွင် အဓိက ကစားသမား အဖြစ် ပါဝင်လာခဲ့ပြီးနောက် Signing of the Season Award ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)