“ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ခါဗာရက်ခီလီယာ ရရှိ”
03 Jun
ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ တိုက်စစ်ကစားသမား ခါဗာရက်ခီလီယာ ကရရှိခဲ့ပြီး နေရာလိုက်အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင်လည်း ပီအက်စ်ဂျီအသင်းမှ ကစားသမားငါးဦးထိ ပါဝင်လာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ခါဗာရက်ခီလီယာ အနေနဲ့ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြ ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက်ဆွတ်ခူးခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင် လာခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားသမားစာရင်း၌ ဂိုးသမားနေရာတွင် အာဆင်နယ်အသင်းနှင့်အတူ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးလက်စွမ်းပြသခဲ့တဲ့ ဂိုးသမား ရာယာ၊ ခံစစ်ကစားသမား လေးဦးနေရာတွင် ပီအက်စ်ဂျီ အသင်းမှ မန်ဒက်၊ မာကွင်ဟို၊ အာဆင်နယ်အသင်းမှ ဂါဘရီရယ်၊ အေတီကိုအသင်းမှ လော်ရန်တီ၊ ကွင်းလယ်ကစား သမားနှစ်ဦးနေရာတွင် ပီအက်စ်ဂျီအသင်းမှ ဗီတင်ဟာ၊ အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်၊ တိုက်စစ်ကစားသမား လေးဦးနေရာတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း၊ အိုလီဆီ၊ ပီအက်စ်ဂျီအသင်းမှ ခါဗာရက်ခီလီယာ၊ ဒမ်ဘီလီ တို့က နေရာလိုက် အကောင်းဆုံးပါဝင်လာခဲ့ကြောင်း သိရပါတယ်။(NVS 008)