“ကိုနာတေးနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့တဲ့ လီဗာပူးလ်အသင်း”

02 Jun

လီဗာပူးလ်အသင်းက ပြင်သစ်နောက်ခံလူ ကိုနာတေး နဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ ကိုနာတေး က လီဗာပူးလ်အသင်းနဲ့ ဇွန်လကုန်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လမ်းခွဲတော့မှာဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကိုနာတေး က ပြီးခဲ့တဲ့သောကြာနေ့ကတည်းက လမ်းခွဲတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကိုနာတေး ကို ၂၀၂၁ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၃၆ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုနာတေး က ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် သက်တမ်း တိုးဖို့ ဆွေးနွေးမှုအဆင်မပြေခဲ့တဲ့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြောင်းရွှေ့ကြေး အလွတ်နဲ့ခေါ်ယူနိုင်မယ့် ကိုနာတေး ကို လက်ရှိအချိန်မှာ ဆော်ဒီကလပ်နှစ်သင်းက ကမ်းလှမ်းမှုပြုလုပ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

02 Jun

ADVERTISE HERE .