“ခွန်ခမာပြိုင်ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာကို အနိုင်ရရှိခဲ့တဲ့ မြန်မာဖိုက်တာ မြလုံးချော”
02 Jun
မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်တဲ့ မြလုံးချော ဟာ မေလ ၃၀ ရက်က ထိုးသတ်ခဲ့တဲ့ ခွန်ခမာပြိုင်ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီ ကို အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ Xtreme Cambodia Kun Khmer လို့အမည်ရတဲ့ ခွန်ခမာပြိုင်ပွဲကို ပြီးခဲ့တဲ့မေလ ၃၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ VIP Arena မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်း ၇ ဆိုင်း ပါဝင်ခဲ့ပြီး မြန်မာဖိုက်တာ မြလုံးချော ဟာ ခွန်ခမာ ၅၄ ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီနဲ့ ထိုးသတ် ခဲ့တာ ဖြစ်ပါတယ်။ မြလုံးချောဟာ ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီကို ၃ ချီစလုံးမှာ အသာစီးနဲ့ထိုးသတ်ကာ အမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မြလုံးချော ဟာ မြန်မာ့ရိုးရာလက်ဝှေ့ ဒုတိယတန်းမှာ ပွဲပေါင်းများစွာ ထိုးသတ် နေသူဖြစ်ပြီး ယခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွေကို သွားရောက်ထိုးသတ်နေသူ ဖြစ်ပါတယ်။ (NVS 008)