“ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေး”
01 Jun
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ခွဲစိတ်ကုသမှုကို မေလ ၃၁ ရက်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လူနာများအား အာဟာရမုန့်၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ၊ ကျန်းမာရေးဝန်ထမ်း များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ လှမျိုးနိုင် ဦးဆောင်သော မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများအဖွဲ့က မေလ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ခွဲစိတ်ကုသပေးခဲ့ရာ မွေးရာပါ နှုတ်ခမ်းကွဲ လူနာ ၁၈ ဦးနှင့် အာခေါင်ကွဲလူနာ ၁၃ ဦး စုစုပေါင်း လူနာ ၃၁ ဦးအား ခွဲစိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)