“ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ဧက ၅,၀၀၀ ကျော် စိုက်ပျိုးမည်”
01 Jun
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ဧက ၅,၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရပါတယ်။ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၅,၂၇၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးသွားမှာြဖစ်ပါတယ်။ လက်ရှိတွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူ များကို ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး၊ ဝါဖြစ်ထွန်းအောင်မြင်စေရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲရေးစတဲ့ တောင်သူအသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ (NVS-004)