“မူးယစ်သောက်စားပြီး ယာဉ်မောင်းမှုနဲ့ ဖမ်းဆီးခံရတဲ့ စတာလင်”

01 Jun

အင်္ဂလန်ဝါရင့်တောင်ပံကစားသမား စတာလင် ဟာ မူးယစ်သောက်စားပြီး ယာဉ်မောင်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ စတာလင် ဟာ အဝေးပြေးလမ်းပေါ်ရှိ အကာအရံများကို တိုက်မှုနဲ့ စွဲချက်တင်ခဲ့ရပြီးနောက် ဖမ်းဆီးခံ ခဲ့ရပါတယ်။ စတာလင် ရဲ့ လမ်ဘော်ဂီနီကားဟာ ကြာသပတေးနေ့ နံနက်ပိုင်းက ဟမ့်ရှိုင်းယားရှိ M3 အဝေးပြေး လမ်းမပေါ်မှာ အကာအရံများကို တိုက်မိခဲ့တာဖြစ်ပါတယ်။ စတာလင် အနေနဲ့ နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ စတာလင် ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲပြီးနောက် ဒတ်ချ်ကလပ် ဖီယင်နုအသင်းထံ ရာသီကုန်အထိ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါပေမယ့် ဖီယင်နုအသင်းအတွက် ပြိုင်ပွဲစုံ ရှစ်ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ (NVS 008)

01 Jun

ADVERTISE HERE .