“အီရာအိုလာကို ရက်ပိုင်းအတွင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေတဲ့ လီဗာပူးလ်အသင်း”

01 Jun

လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ လမ်းခွဲထားတဲ့ စပိန်လူမျိုးနည်းပြ အီရာအိုလာ ကို ရက်ပိုင်းအတွင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေပါတယ်။ အီရာအိုလာ ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်အသင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးရာသီ ဖြစ်စေခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးဥရောပဝင်ခွင့်ဖြစ်တဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူပေးခဲ့ပါတယ်။ လီဗာပူးလ်အသင်း အာနယ်ဆလော့ ကို ထုတ်ပယ်ပြီးပြီးချင်း အီရာအိုလာ က အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းက အီရာအိုလာ ကို ဆွေးနွေးမှုတွေ ချက်ချင်းလုပ်ဆောင်နေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး မကြာမီမှာ သဘောတူညီမှုရဖွယ် ရှိနေပါတယ်။ အီရာအိုလာ ဟာ ဘုန်းမောက်နဲ့ စာချုပ်သစ်အတွက် ပေါင် ၁၀ သန်း တောင်းဆိုတာ အဆင်မပြေလို့ လမ်းခွဲခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ အဆိုပါငွေပမာဏကို ပေးချေဖို့ အသင့်ရှိနေပါတယ်။ (NVS 008)

01 Jun

ADVERTISE HERE .