“Stadium Tour အလည်အပတ်ဖိတ်‌ခေါ်ခဲ့တဲ့ ချဲလ်ဆီးအသင်း”

01 Jun

ချဲလ်ဆီးအသင်းက စတမ်းဖို့ဒ်ဘရစ်ချ်ကို Stadium Tour အလည်အပတ်လာရောက်ဖို့အတွက် ကြော်ငြာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG အသင်းကို အရေးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး လန်ဒန်ရဲ့ ဆုဖလားများအိမ်ကို လာရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဆိုပါ Post မှာ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ပုံရိပ်တွေနဲ့ တင်ခဲ့ပါတယ်။ ဒါ့အပြင် စတမ်းဖို့ဒ်ဘရစ်ချ်ကို Stadium Tour အလည်အပတ်လာရောက်ဖို့အတွက် စာရင်းပေးဖို့ Link ပါ ချထားပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့လုပ်ဆောင်မှုက မြို့ခံပြိုင်ဘက်အသင်း ကျရှုံးမှုကို Troll ခဲ့တာလို့လည်း ထင်မှတ်စရာဖြစ်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုရာသီမှာ ဥရောပဝင်ခွင့်မရတဲ့အထိ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ (NVS 008)

01 Jun

ADVERTISE HERE .