“ချန်ပီယံလိဂ် ဂန္ထဝင်နည်းပြစာရင်းထဲ ဝင်ရောက်လာတဲ့ အန်းနရစ်”
01 Jun
စပိန်နာမည်ကျော်နည်းပြ လူးဝစ်အန်းနရစ် က PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ထပ်မံကိုင်မြှောက် နိုင်ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂန္ထဝင်နည်းပြစာရင်းထဲ ဝင်ရောက်လာပါတယ်။ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ အန်းနရစ် ဟာ တတိယအကြိမ် မြောက် ဆွတ်ခူးခဲ့တာဖြစ်တယ်။ ချန်ပီယံ ငါးကြိမ်ဆက်ရရှိထားတဲ့ အန်ဆယ်လော့တီ ပြီးနောက် ဘော့ဘ်ပီယာစလေ၊ ဇီဒန်း၊ ဂွါဒီယိုလာ တို့နဲ့ ဒုတိယအအောင်မြင်ဆုံးနည်းပြ ဖြစ်လာစေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ် ထက်ပိုပြီး ရရှိဖူးတဲ့နည်းပြ ၂၁ ဦးရှိပေမဲ့ နှစ်ကြိမ်အထက်ရရှိသူ ငါးဦးသာရှိနေတာ ဖြစ်ပါတယ်။ အန်းနရစ် ဟာ မတူညီတဲ့အသင်းတွေနဲ့ ဆုဖလားရရှိသူ စာရင်းမှာ အန်ဆယ်လော့တီ၊ ဟက်ပယ်လ်၊ ယက်ဟေးနက်စ်၊ ဟစ်ဇ်ဖဲလ်၊ မော်ရင်ဟို၊ ဂွါဒီယိုလာ တို့နဲ့အတူ ပါဝင်နေပါတယ်။အခု အန်းနရစ် ဆုဖလားရယူခဲ့လို့ စပိန်လူမျိုးနည်းပြတွေက ၁၃ ကြိမ်မြောက် ရရှိပြီး အီတလီနဲ့အတူ ပူးတွဲအများဆုံး ဖြစ်လာခဲ့ပါတယ်။ (NVS 008)