“ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရန် နီးကပ်လာကြောင်း ပူတင်ပြောကြား”
31 May
စစ်မြေပြင်အခြေအနေအရ ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရန် နီးကပ်လာဖွယ်ရှိသော အကြောင်း ရင်းများရှိသော်လည်း စစ်မက်များ ဆက်လက်ဖြစ်ပွားနေချိန်တွင် အဆုံးသတ်အတွက် အချိန်ဇယားကို သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာတီမာ ပူတင် က ပြောကြားလိုက်သည်။ ပူတင် က ကာဇက်စတန်နိုင်ငံသို့ ၎င်း၏နိုင်ငံတော်ခရီးစဉ် ပြီးဆုံးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း RIA Novosti သတင်းဌာနက မေလ ၂၉ ရက်၌ ဖော်ပြခဲ့သည်။ Lugansk ဒေသအပေါ် ယူကရိန်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ကိဗ်မြို့အား ရုရှား၏ တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်ဖွဲ့များအနေဖြင့် အထူးစစ်ရေးစစ်ဆင်ရေးဇုန်၏ ရှေ့တန်းစစ်မျက်နှာပြင် တစ်လျှောက်တွင် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း ပူတင် က ဖြည့်စွက်ပြောကြားခဲ့သည်။ ရုရှားနှင့် စစ်ပွဲအတွက် ပြင်ဆင်နေခြင်းနှင့်ပတ်သက်၍ ဥရောပနိုင်ငံရေးသမားအချို့၏ ဖော်ပြချက်များ ကိုလည်း ပူတင် က "အဓိပ္ပာယ်မရှိ" ဟု ပြောကြားခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် ယခင်က ဥရောပနိုင်ငံများကို ခြိမ်းခြောက် ခဲ့ခြင်းမရှိသည့်အပြင် ယခုလည်း ခြိမ်းခြောက်ခြင်းမပြုသော်လည်း ရုရှားအား တိုက်ရိုက်စစ်ရေးခြိမ်းခြောက်မှုပြုသည့် မည်သည့်နေရာကိုမဆို "တရားဝင်ပစ်မှတ်" အဖြစ် သတ်မှတ်မည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)