“နိုင်ဂျီးရီးယားနိုင်ငံက မြို့တော်နှင့်ပြည်နယ် ၉ ခုအား အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရန် အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်”

31 May

နိုင်ဂျီးရီးယားနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာသည် မကြာသေးမီက ကြေညာချက်ထုတ်ပြန်၍ အဆိုပါနိုင်ငံမြို့တော် အဘူဂျာနှင့် ပြည်နယ် ၉ ခုအား အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရန် အန္တရာယ်မြင့်မားသော ဒေသအဖြစ်သတ်မှတ်ကြောင်း ဆိုခဲ့သည်။ လက်ရှိတွင် အဆိုပါနိုင်ငံ၌ အီဘိုလာရောဂါ အတည်ပြုလူနာ မရှိသေးသော်လည်း ဒေသတွင်းအဆက်မပြတ် ကူးစက်ပျံ့နှံ့မှု၊ ရောဂါကြောင့် သက်ရောက်မှုခံရသည့်ဒေသတွင် လူပုဂ္ဂိုလ်သွားလာခြင်း များပြားမှု၊ အီဘိုလာရောဂါ နှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် အဖြစ်များသည့် လက်စ်ဆာ့အဖျား(Lassa fever)စသည့် ရောဂါများနှင့် လက္ခဏာ ဆင်တူခြင်းစသည့် အကြောင်းအချက်များကြောင့် နိုင်ဂျီးရီးယားနိုင်ငံသို့ အီဘိုလာရောဂါ ကူးစက်လာနိုင်သည့် အထွေထွေအန္တရာယ်ကို မြင့်မားသည်ဟု သုံးသပ်အကဲဖြတ်ထားကြောင်း နိုင်ဂျီးရီးယားနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက ထောက်ပြခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် နိုင်ဂျီးရီးယားနိုင်ငံ ဒေသအသီးသီးတွင် အီဘိုလာရောဂါများ ကူးစက်မှုနှင့် ပျံ့နှံ့မှု အန္တရာယ်အား သုံးသပ်အကဲဖြတ်မှုအရ နိုင်ငံတစ်ဝန်းကို ရောဂါကူးစက်မှုအား တုံ့ပြန်ဆောင်ရွက်ရန် အန္တရာယ်အဆင့် သုံးဆင့်ရှိသော ဒေသများအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည်။ ၎င်းအနက် အဘူဂျာနှင့် Lagos၊ Kano၊ Borno စသည့် ပြည်နယ် ၉ ခုကို အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်ခဲ့ရာ အကြောင်းရင်းမှာ အဆိုပါဒေသများတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း သို့မဟုတ် နယ်စပ် ဂိတ် စသည်တို့ရှိ၍ လူပုဂ္ဂိုလ်နှင့် ကုန်သွယ်ရေးသွားလာမှု များပြားခြင်းကြောင့်ဖြစ်သည်။ Ogun၊ Nasarawa၊ Kaduna စသည့် ပြည်နယ် ၁၂ ခုကမူ အလယ်အဆင့်အန္တရာယ်ရှိသည့် ဒေသများအဖြစ် သတ်မှတ်ထားပြီး အခြားပြည်နယ် အသီးသီးကို အခြေခံအန္တရာယ်အဆင့်ရှိ ဒေသများအဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေဖြင့် ကွန်ဂို (DRC)နိုင်ငံနှင့် ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုက နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သည်ဟု မေလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုသည် ကွန်ဂို(DRC)နိုင်ငံတွင် အန္တရာယ်များသည့်အဆင့် အလွန်မြင့်မား ကြောင်း၊ ဒေသတွင်း၌ အန္တရာယ်များသည့်အဆင့် မြင့်မားကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာ၌ အန္တရာယ်များသော အဆင့်သည် နည်းပါးကြောင်း WHO က မေလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ကွန်ဂို(DRC)နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ မေ ၂၆ ရက်အထိ အဆိုပါနိုင်ငံတွင် အီဘိုလာ သံသယလူနာ ၁,၀၇၇ ဦး ရှာဖွေတွေ့ရှိပြီးဖြစ်ကာ သေဆုံးသွားသည့် သံသယလူနာ ၂၃၈ ဦးရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)

31 May

ADVERTISE HERE .