“ရိုမေးနီးယားက ရုရှားကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်း”

31 May

ရိုမေးနီးယားနိုင်ငံ သမ္မတ Nicusor Dan သည် မေလ ၂၉ ရက်တွင် ကွန်စတန်တာမြို့ အခြေစိုက် ရုရှား ကောင်စစ်ဝန်ချုပ်အား မကြိုဆိုအပ်သောသူ အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းခဲ့သည်။ Nicusor Dan က သမ္မတရုံးအစည်းအဝေးပြီးနောက် အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန် ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရုရှားဒရုန်းက ရိုမေးနီးယားနယ်နိမိတ်အတွင်း၌ ပျက်ကျခြင်းကြောင့် ရိုမေးနီးယားနိုင်ငံသား ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရုရှားမှာ အလုံးစုံတာဝန်ရှိပါတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၈ ရက် ညပိုင်းမှ ၂၉ ရက် နံနက်ပိုင်းအထိ ရုရှားက ယူကရိန်းအပေါ် ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အချင်းဖြစ်ပွားသည့်နေရာသည် ရိုမေးနီးယားနယ်စပ်နှင့် နီးစပ်ကြောင်း၊ ဒရုန်းတစ်စင်းသည် ရိုမေးနီးယားဝေဟင်ပိုက်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်၍ လူနေတိုက်တစ်တိုက် ခေါင်မိုးပေါ်ပျက်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် လူ ၂ ဦး ဒဏ်ရာရရှိပြီး လူဒါဇင်ချီ၍ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က အနောက်နိုင်ငံများသည် ရိုမေးနီးယား ဒရုန်းဖြစ်ရပ်ကို အကြောင်းပြု၍ ပုံကြီးချဲ့ခြင်းသည် တစ်ဖက်တွင် လူထုသဘောထားကို အာရုံလွှဲပြီး ယူကရိန်းက ဥရောပသမဂ္ဂအရင်းအနှီး အသုံးပြုခြင်း၊ ဥရောပသမဂ္ဂ၏ ထောက်ခံမှုအားကိုးဖြင့် လူဟန့်စ်ခ်ဒေသ၌ တိုက်ခိုက်မှု လုပ်ဆောင်ခြင်း လုပ်ရပ်များကို ဖုံးကွယ်ရန်ဖြစ်ပြီး အခြားတစ်ဖက်ကမူ ကွန်စတန်တာ ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန်အတွက် အကြောင်းပြချက်ရှာခြင်းဖြစ်သည်ဟု မေလ ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း RIA Novosti သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများစွာတွင် ဒရုန်းသက်ဆိုင်ရာဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ဘက်အသီးသီးက ရုရှားအပေါ် စွဲဆိုချက်မှန်သမျှသည် သက်သေအထောက်အထားမရှိဘဲ ယနေ့တိုင် မည်သည့်သက်ဆိုင်ရာဖြစ်ရပ်မှန် နှင့် သက်သေအထောက်အထား အချက်အလက်ကိုမျှ ထုတ်ပြနိုင်ခြင်းမရှိကြောင်း Maria Zakharova က ဆိုသည်။ ရိုမေးနီးယားနှင့် ယူကရိန်းသည် ဒန်ညုမြစ်ခြား၍သာ တည်ရှိခြင်းဖြစ်ပြီး အချို့သောနယ်စပ်ဒေသများသည် ယူကရိန်း ဆိပ်ကမ်းနှင့် ကပ်လျက်တည်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)

31 May

ADVERTISE HERE .