“အီရန်နှင့်ပတ်သက်သည့်သဘောတူညီချက်အပေါ် အပြီးသတ်ဆုံးဖြတ်ချက်ချရန် ထရမ့် ရွှေ့ဆိုင်းဟု အမေရိကန်မီဒီယာ ဖော်ပြ”
31 May
အမေရိကန်သမ္မတ ထရမ့် သည် မေလ ၂၉ ရက်က အိမ်ဖြူတော် စစ်ရေးအခြေအနေဆွေးနွေးခန်း၌ ၎င်း၏ လက်ထောက်များနှင့် နှစ်နာရီခန့်ကြာ အစည်းအဝေးပြုလုပ်ခဲ့သော်လည်း အီရန်နှင့် သဘောတူညီချက်အပေါ် "အပြီးသတ်ဆုံးဖြတ်ချက်" ချမှတ်ခဲ့ခြင်းမရှိကြောင်း အမေရိကန် The New York Times သတင်းစာက ယင်းနေ့တွင် အမည်မဖော်လိုသည့် အစိုးရအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြထားသော သတင်းများ အရ သိရသည်။ ယင်းနေ့အစောပိုင်းတွင် ထရမ့် က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ အီရန်နှင့်ဆွေးနွေးမှုအပေါ် အမေရိကန်၏ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး အပြီးသတ်ဆုံးဖြတ်ချက်ချဖို့အတွက် ကျွန်တော်အခု စစ်ရေးအခြေအနေဆွေးနွေးခန်းကို အစည်းအဝေးလုပ်ဖို့ သွားနေပါတယ်ဟု ပြောကြားခဲ့သည်။ အီရန်အနေဖြင့် နျူကလီးယားလက်နက် ထာဝရပိုင်ဆိုင်ခြင်းမပြုရန် မဖြစ်မနေ သဘောတူညီရမည် ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားကို နှစ်ဖက်သွားလာနိုင်ရေး မဖြစ်မနေ ချက်ချင်းဖွင့်လှစ်ရမည်ဖြစ်ပြီး ဖြတ်သန်းခ ကောက်ခံခြင်းမပြုဘဲ ရေကြောင်းသွားလာရေးများကို အကန့်အသတ်မရှိလည်ပတ်ရန် ခွင့်ပြုရမည်ဖြစ်ကာ ရေမြှုပ်မိုင်းအားလုံးကို ရှင်းလင်းရန်လိုအပ်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)