“အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ပါဝင်လာတဲ့ မက်ဆီ”

30 May

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အပြီးသတ်ကစားသမား ၂၆ ဦး စာရင်းကို မေလ ၂၈ ရက်က ထုတ်ပြန်ခဲ့ပြီး တိုက်စစ်မှူး မက်ဆီ က အသင်းကို ဆက်လက်ဦးဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီ က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းက ကစားသမား ၁၇ ဦးကို ပြန်လည်ရွေးချယ်ခဲ့ပြီး အခုပြိုင်ပွဲအတွက် အသစ်ရွေးချယ်ခဲ့တဲ့ ကစားသမားက ၉ ဦးသာ ပါဝင်ပါတယ်။ မက်ဆီ က တံကောက်ကြောကြွက်သား နာကျင်တဲ့ပြဿနာရှိနေပေမယ့် အာဂျင်တီးနားအသင်းနဲ့အတူ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မှာဖြစ်သလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ မှတ်တမ်းကို တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အုပ်စု(J)မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နဲ့အတူ ကျရောက်နေပါတယ်။(NVS 008)

30 May

ADVERTISE HERE .