“၂၀၂၆ Ballond'Or ဆုပေးပွဲကို လန်ဒန်မြို့မှာ ကျင်းပမည်”

30 May

၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို လာမယ့် အောက်တိုဘာလ ၂၆ ရက်တွင် လန်ဒန်မြို့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုကြေညာလိုက်ပါတယ်။ Ballon d'Or ဆုက ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဖန်တီးမှုနဲ့ ဖြစ်တည်လာခဲ့တဲ့ အထင်ကရတစ်ဦးချင်း ထူးချွန်ဆုဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်ကစပြီး UEFA နဲ့ ပူးပေါင်းချီးမြှင့်နေတာပါတယ်။ Ballon d'Or ဆုပေးပွဲကို နှစ်စဉ်နှစ်တိုင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာသာ ကျင်းပပြုလုပ်လေ့ရှိပေမယ့် ယခုနှစ်မှာတော့ လန်ဒန်မြို့ကို ရွေးချယ် ခဲ့ခြင်းက နှစ်(၇၀)ပြည့်အထိမ်းအမှတ်မှာ Ballon d'Or ဆု ပထမဆုံးရရှိသူဖြစ်တဲ့ အင်္ဂလန်ကစားသမား စတန်လေ မက်သယူး ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၁၉၅၆ ခုနှစ်အတွက် ပထမဆုံး Ballon d'Or ဆုကို အင်္ဂလန်လက်ရွေးစင် ဘလက်ပူးလ်တိုက်စစ်ကစားသမား စတန်လေ မက်သယူး က ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Ballon d'Or ဆုကို မက်ဆီ က ၈ ကြိမ်နဲ့ အများဆုံးရရှိထားပြီး စီရော်နယ်လ်ဒို က ၅ ကြိမ်နဲ့ ဒုတိယအများဆုံး ရရှိထားပါတယ်။(NVS 008)

30 May

ADVERTISE HERE .