“အမေရိကန်က အီဘိုလာရောဂါ ကူးစက်မှုအန္တရာယ်ရှိသော အမေရိကန်ပြည်သူများကို ကင်ညာနိုင်ငံသို့ ပို့ဆောင်၍ သီးခြားကွာရန်တင်း ထားရှိရန်စီစဉ်”

29 May

အမေရိကန်အစိုးရအနေဖြင့် ကွန်ဂို(DRC)နိုင်ငံရှိ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ရှိသော အမေရိကန် နိုင်ငံသားများအား အမေရိကန်သို့ ပြန်လည်ပို့ဆောင်ခြင်းမပြုဘဲ ကင်ညာနိုင်ငံ၌ ယာယီအဆောက်အဦတစ်ခု တည်ဆောက်ကာ ၎င်းတို့ကို သီးခြားကွာရန်တင်းထားရှိရန် စီစဉ်နေကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြ ချက်အရ သိရသည်။ ဝါရှင်တန်ပို့စ် စသည့် အမေရိကန်မီဒီယာများစွာ၏ မေလ ၂၇ ရက် သတင်းဖော်ပြချက်အရ အမေရိကန်အစိုးရ အရာရှိသည် အမေရိကန်စစ်တပ်ကို သီတင်းပတ်တစ်ပတ်အတွင်း ကင်ညာနိုင်ငံ၌ အဆိုပါ ယာယီ သီးခြားကွာရန်တင်း ထားရှိရေးနှင့် ကုသရေးအဆောက်အဦကို တည်ဆောက်ပြီးစီးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ကနဦးအစီအစဉ် အနေဖြင့် သီတင်းပတ်တစ်ပတ်အတွင်း ကုတင် ၅၀ ဆံ့သည့် အဆောက်အဦကို တည်ဆောက်ပြီးစီးရန်ဖြစ်ပြီး အနာဂတ်တွင် ကုတင် ၂၅၀ အထိ တိုးချဲ့နိုင်ကြောင်း၊ အမေရိကန်ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှုဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် အမေရိကန်ပြည်တွင်း၌ သက်ဆိုင်ရာလေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ မေလ ၂၇ ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအဖွဲ့အစည်းများက ဒီအကျပ်အတည်းကို လက်ရှိရောဂါ ကူးစက်မှုဖြစ်ပွားသည့်နိုင်ငံ အထူးသဖြင့် ကွန်ဂို(DRC)နိုင်ငံမှာ ထိန်းချုပ်ထားဖို့ အလွန်ကြိုးစားနေပါတယ်ဟု ဆိုခဲ့ကြောင်း အေပီ၊ ရိုက်တာ စသည့် သတင်းဌာနများကလည်း သတင်းဖော်ပြသည်။ ဘယ်အီဘိုလာလူနာတစ်ဦးကိုမဆို အမေရိကန်ဆီ ဝင်ရောက်လာတာကို ကျွန်တော်တို့ ခွင့်မပြုနိုင်သလို ခွင့်ပြုမှာလည်းမဟုတ်ပါဘူးဟု ၎င်းကပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်သည် ယခင်အမေရိကန်အစိုးရက အီဘိုလာရောဂါဖြစ်ပွားမှုအား ကိုင်တွယ်စီမံသည့် လုပ်ရပ် နှင့် လုံးဝကွဲပြားနေကြောင်း အမေရိကန်မီဒီယာက ထောက်ပြသည်။ ယခင်က အမေရိကန်အစိုးရသည် သာမန် အားဖြင့် ဗိုင်းရပ်စ်ထိတွေ့ခဲ့ဖူးသော ဖြစ်နိုင်ခြေရှိသည့် ကျန်းမာရေးဝန်ထမ်းနှင့် အခြားအမေရိကန်နိုင်ငံသားများကို ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ပြီး သီးသန့်ကုသရေးအဖွဲ့အစည်းတွင် သီးခြားကွာရန်တင်းထားရှိခြင်းနှင့် ကုသခြင်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းနှင့်နှိုင်းယှဉ်ပါက အမေရိကန်အစိုးရသည် ယခုလတွင် ရောဂါလက္ခဏာ ပေါ်ထွက်နေပြီ ဖြစ်သည့် အမေရိကန်ဆရာဝန်တစ်ဦးကို ဂျာမနီနိုင်ငံဆေးရုံတစ်ရုံသို့ ပို့ဆောင်ကုသခဲ့ပြီး အခြားအမေရိကန်ပြည်သူ ၆ ဦးကို ဂျာမနီနှင့် ချက်သမ္မတနိုင်ငံသို့ပို့ဆောင်၍ ဆေးကုသရေးဆိုင်ရာ စောင့်ကြည့်မှုလုပ်ဆောင်မည်ဖြစ်သည်။ ကင်ညာနိုင်ငံအစိုးရဘက်က အဆိုပါအဆောက်အဦ တည်ဆောက်မှုအစီအစဉ်အား ခွင့်ပြုမှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ လက်ရှိတွင် နိုင်ငံခြားမီဒီယာများ၏ သတင်းဖော်ပြချက်များမှာ မတူညီကြပေ။ ကွန်ဂို(DRC)နိုင်ငံက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည့် ရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက်အရ အဆိုပါနိုင်ငံ၌ အီဘိုလာရောဂါ သံသယ လူနာဦးရေသည် ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

29 May

ADVERTISE HERE .