“အရှေ့အလယ်ပိုင်းစစ်ရေးက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအလားအလာကို ဆိုးရွားစေသည်ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်အစီရင်ခံစာတွင်ဖော်ပြ”

29 May

ကမ္ဘာ့စီးပွားရေးဖိုရမ်က မေလ ၂၈ ရက်တွင် ထုတ်ပြန်သည့် ထိပ်တန်းစီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက် များအစီရင်ခံစာ၌ အရှေ့အလယ်ပိုင်းစစ်ရေးနှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု အတားအဆီးများ ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်ကြီးမားသည့် ရိုက်ခတ်မှုများဖြစ်ပွားမည်ဟူသော လူအများ၏စိုးရိမ်မှုများကို ပို၍ဆိုးရွားစေကြောင်း၊ မေးမြန်းမှုများကိုဖြေကြားခဲ့သည့် ထိပ်တန်းစီးပွားရေးပညာရှင်များ၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအလားအလာအပေါ် ကြိုတင်ခန့်မှန်းချက်များကလည်း ပို၍ဆိုးရွားလာကြောင်းဖော်ပြထားသည်။ မေးမြန်းမှုများကို ဖြေကြားခဲ့သည့် ထိပ်တန်းစီးပွားရေးပညာရှင်များ ၉၀ ရာခိုင်နှုန်းနီးပါးမှာ လာမည့် ၁၂ လ အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် နှေးကွေးသွားလိမ့်မည်ဟု ခန့်မှန်းကြကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေး အတားအဆီးများကြောင့် ဖြစ်ပွားသည့် အပျက်သဘောသက်ရောက်မှုများက ယမန်နှစ်က စည်းကြပ်ခွန်ဂယက်ရိုက်ခတ်မှုများကို သိသိသာသာကျော်လွန်ခဲ့ ကြောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး အတားအဆီးများက လာမည့်နှစ်ဝက်အထိ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၊ စွမ်းအင်နှင့် စားသောက်ကုန် အရင်းအနှီးများအပေါ် ကွင်းဆက်သက်ရောက်မှု ပို၍ပြင်းထန်လာမည်ဖြစ်ကြောင်း ၎င်းတို့က ယူဆကြသည်။ မေးမြန်းမှုကိုလက်ခံဖြေကြားသည့် ထိပ်တန်းစီးပွားရေး ပညာရှင် ၉၄ ရာခိုင်နှုန်းအထိက လာမည့်တစ်နှစ်တာအတွင်း ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုက မြင့်တက်မည် ဖြစ်ကြောင်း ခန့်မှန်းကြသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကသည် ရိုက်ခတ်မှုဒဏ်အပြင်းထန်ဆုံးခံရသည့် ဒေသများဖြစ်လာပြီး စီးပွားရေးတိုးတက်မှုမှာ လျော့ရဲနေမည်ဖြစ်ကြောင်း၊ ဆာဟာရသဲကန္တရတောင်ပိုင်း အာဖရိကတိုက်ဒေသများ၏ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်က များစွာမြင့်တက်ပြီး ဥရောပစီးပွားရေးမှာ နေ့စဉ်နှင့်အမျှဆိုးရွားလာသည့် စီးပွားရေး တုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွမှုအန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက ကြိုတင်ခန့်မှန်းထားသည်။ အစီရင်ခံစာ၏ အထောက်အထားများကို ဧပြီလ ၆ ရက်မှ ၁၇ ရက်အတွင်း စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။ ဇန်နဝါရီလကထုတ်ပြန်သည့် အစီရင်ခံစာနှင့်နှိုင်းယှဉ်လျှင် ပိုမိုများပြားသည့် စီးပွားရေးပညာရှင်များက တရုတ်နိုင်ငံ၏စီးပွားရေးသည် အသင့်အတင့် သို့မဟုတ် အားကောင်းစွာတိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းမှာ အဓိကအားဖြင့် အားကောင်းသည့်ပို့ကုန်စွမ်းရည်နှင့် အဆင့်မြင့်သိပ္ပံနည်းပညာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ တိုးတက်မှုမှ အကျိုးကျေးဇူးရရှိခြင်းဖြစ်ကြောင်း ခန့်မှန်းထားသည်။ (Repost from Xinhua Myanmar)

29 May

ADVERTISE HERE .