“ဝက်စ်ဟမ်းအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ နူနိုဆန်တို”

28 May

ဝက်စ်ဟမ်းအသင်းနည်းပြ နူနိုဆန်တို ဟာ ပရီးမီးယားလိဂ်က တန်းဆင်းပြီးနောက် ရာထူးကနေ ထုတ်ပယ် ခံရဖွယ်ရှိနေပါတယ်။ နူနိုဆန်တို အနေနဲ့ ကလပ်တာဝန်ရှိသူတွေနဲ့ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပြီး ဝက်စ်ဟမ်းအသင်းနဲ့အတူ ဆက်ရှိမလားဆိုတဲ့ မေးခွန်းကို ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကနေ တန်းဆင်း ခဲ့ရတာဖြစ်ပါတယ်။ ဝုလ်ဗ်၊ စပါးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ နည်းပြဟောင်း နူနိုဆန်တို ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ သုံးနှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း အနေနဲ့ တန်းဆင်းခဲ့ရပါက ပေါင်သန်း ၂၀၀ လောက် ဆုံးရှုံးရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။(NVS 008)

28 May

ADVERTISE HERE .