“နည်းပြ အယ်လီဂရီ ကို ရာထူးကထုတ်ပယ်ခဲ့တဲ့ အေစီမီလန်အသင်း”
28 May
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးပြီးနောက် အသင်းနည်းပြဖြစ်သူ အယ်လီဂရီ ကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အေစီမီလန်အနေနဲ့ ရာသီပိတ်ပွဲစဉ်မတိုင်ခင် တတိယနေရာမှာ ရှိခဲ့ပေမဲ့ ကာဂလီယာရီအသင်းကို ၁ ဂိုး၊ ၂ ဂိုး နဲ့ အရေးနိမ့်ကာ အဆင့်ငါးနေရာထိ ကျဆင်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ စီးရီးအေပြိုင်ပွဲကနေ အင်တာမီလန်၊ နာပိုလီ၊ ရိုးမားနဲ့ ကိုမိုအသင်းတို့က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး အေစီမီလန်အသင်းကတော့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းက အမှုဆောင်ချုပ် ဖာလာနီ၊ အားကစားဒါရိုက်တာ တာရေး၊ နည်းစနစ်ဒါရိုက်တာ မွန်ကာဒါ တို့နဲ့လည်း လမ်းခွဲကြောင်း ကြေညာခဲ့ပါတယ်။ နည်းပြ အယ်လီဂရီ ဟာ ပြီးခဲ့တဲ့နှစ်မေလကမှ အေစီမီလန်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ် တာဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့ကာ စီးရီးအေနဲ့ အီတလီ စူပါဖလားတို့ကို ရယူပေးခဲ့ပါတယ်။(NVS 008)