“ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို အာဆင်နယ်အသင်းနည်းပြ အာတီတာ ရရှိ”

28 May

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ချန်ပီယံအာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာ ရရှိခဲ့ကြောင်းသိရပါတယ်။ အာတီတာ က အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ၂၀၀၃-၀၄ ရာသီက နည်းပြ အာစင်ဝင်းဂါး ရရှိခဲ့ပြီးနောက်ပိုင်း ဒီဆုကို ပထမဆုံးအကြိမ်ရယူနိုင်တဲ့ အာဆင်နယ်နည်းပြအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ၁၉၉၃-၉၄ ရာသီမှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမဆုံးရရှိခဲ့ သူက မန်ယူအသင်းနည်းပြ ဖာဂူဆန် ဖြစ်ပါတယ်။ ဖာဂူဆန် က ဒီဆုကို (၁၁)ကြိမ်အထိရရှိခဲ့တဲ့ အအောင်မြင်ဆုံး နည်းပြဖြစ်ပြီး ဂွါဒီယိုလာ က (၅)ကြိမ်နဲ့ ဒုတိယအများဆုံး၊ မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးတို့က (၃)ကြိမ်စီနဲ့ တတိယအများဆုံး၊ ယာဂန်ကလော့ပ်က (၂)ကြိမ်နဲ့ စတုတ္ထအများဆုံးအဖြစ် ရပ်တည်နေပါတယ်။(NVS 008)

28 May

ADVERTISE HERE .