“လိဂ်မန်နေဂျာများအဖွဲ့အစည်း(LMA)က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ လမ်းပတ်”

28 May

လိဂ်မန်နေဂျာများအဖွဲ့အစည်း(LMA)မှ ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ကိုဗင်ထရီအသင်းနည်းပြ လမ်းပတ် က ရရှိခဲ့ပါတယ်။ နည်းပြ လမ်းပတ် က ကိုဗင်ထရီအသင်းကို ၂၅ နှစ်အကြာမှာ ပရီးမီးယားလိဂ်သို့တန်းတက်ခွင့် ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလိုပေးအပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆုကို အင်္ဂလန်ဘောလုံးလောကရဲ့ ပရော်ဖက်ရှင်နယ်အဆင့်ရှိ လိဂ် ၄ ခုမှာရှိတဲ့ နည်းပြတွေထဲမှ ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး LMA အဖွဲ့ဝင်နည်းပြတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းဆုကို ပထမဆုံးနဲ့ အကြိမ်အများဆုံးရရှိထားသူက မန်ယူအသင်းရဲ့ ဂန္ထဝင်နည်းပြ ဖာဂူဆန် ဖြစ်ပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နောက်ပိုင်းမှာ The Sir Alex Ferguson Trophy for LMA Manager of the Year လို့လည်း သတ်မှတ်ခေါ်ဆိုလျက်ရှိပါတယ်။(NVS 008)

28 May

ADVERTISE HERE .