မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာရုပ်တုကို အိမ်ကွင်းရှေ့၌ထားရှိပြီး ဂုဏ်ပြုမည်
27 May
မန်စီးတီးအသင်းက အသင်းမှထွက်ခွာခဲ့သည့် နည်းပြ ဂွါဒီယိုလာ ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းရဲ့ရုပ်တုကို အိမ်ကွင်းရှေ့၌ထားရှိပြီး ဂုဏ်ပြုမှုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။ နည်းပြ ဂွါဒီယိုလာ က မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူကိုင်တွယ်ခဲ့ရာ အသင်းကို ဆုဖလားများစွာ ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဥရောပတွင် ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကာ အသင်းနှင့်စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေသေးသော်လည်း နည်းပြ ဂွါဒီယိုလာ ကိုယ်တိုင်က အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းက အစောပိုင်းကလည်း ကစားသမားဟောင်းများဖြစ်သည့် အဂူရို၊ ဒေးဗစ်ဆေးဗား တို့ကို ဂုဏ်ပြုသည့်အနေဖြင့် အိမ်ကွင်းရှေ့၌ ရုပ်တုထုလုပ်ကာ ဂုဏ်ပြုခဲ့ပြီး ယခုအခါမှာလည်း အသင်းကို ဆုဖလားများစွာ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဂွါဒီယိုလာ ကို ဂုဏ်ပြုသည့်အနေဖြင့် ရုပ်တုထုလုပ်ကာ ဂုဏ်ပြုမှာဖြစ်တဲ့အပြင် အသင်းအိမ်ကွင်း ပွဲကြည့်စင်တစ်ခြမ်းကိုလည်း ဂွါဒီယိုလာရဲ့အမည်သတ်မှတ်ပေးပြီး ဂုဏ်ပြုမှုလုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)