ပါနာသီနာကို့စ်အသင်းက နည်းပြ ဘင်နီတက်ဇ် ကို နည်းပြရာထူးမှထုတ်ပယ်

27 May

ဂရိကလပ် ပါနာသီနာကို့စ်အသင်းက အသင်းနည်းပြ ဘင်နီတက်ဇ် ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နည်းပြ ဘင်နီတက်ဇ် ဟာ ပါနာသီနာကို့စ်အသင်းကို ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ စတင် ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၄ဝ တွင် ၁၉ ပွဲနိုင်၊ ၁၁ ပွဲသရေ၊ ၁ဝ ပွဲအထိ ရှုံးနိမ့်ခဲ့မှုကြောင့် အသင်းက နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ ပါနာသီနာကို့စ်အသင်းရဲ့ ထုတ်ပြန်ချက်တွင် နည်းပြ ဘင်နီတက်ဇ် ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းနဲ့ နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေ ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)

27 May

ADVERTISE HERE .