နှစ်ပေါင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ ဆန်းဒါးလန်းအသင်း
27 May
ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းအသင်းက နှစ်ပေါင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပ ယူရိုပါလိဂ် ဝင်ခွင့်ကိုရရှိခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ချဲလ်ဆီးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင် ရရှိကာ အမှတ်ပေးဇယား အဆင့်(၇)နေရာတွင် ရပ်တည်ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိပြီးနောက် အသင်းပရိသတ်များကလည်း တစ်ခဲနက် အောင်ပွဲခံ ခဲ့ကြတဲ့အပြင် ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ်သို့ တန်းတက်ပြီး တစ်နှစ်အကြာတွင် ဥရောပဝင်ခွင့်ရရှိသည့် အသင်းအဖြစ်လည်း စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ (NVS 008)
27 May